Headlines News :
Home » » ရေကြီးနစ်မြုပ်မှု ဒဏ်ခံစားနေရသည့် ဧရာဝတီတိုင်းဒေသကြီးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်များအတွက် နိုင်ငံတော်အစိုးရမှ ကျပ်သိန်း ၄၀၀၀ ကျော် ထောက်ပံ့ပေးအပ်

ရေကြီးနစ်မြုပ်မှု ဒဏ်ခံစားနေရသည့် ဧရာဝတီတိုင်းဒေသကြီးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်များအတွက် နိုင်ငံတော်အစိုးရမှ ကျပ်သိန်း ၄၀၀၀ ကျော် ထောက်ပံ့ပေးအပ်

Written By လွင့်မောင်မောင် on Sunday, August 26, 2012 | 4:03 PM

7474
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ဓာတ်ပုံ - သက်ဆွေ(ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီးရှိ ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာများအတွက် နိုင်ငံတော်အစိုးရမှ မျိုးစပါးတင်းပေါင်း ၈၀၉၅၈ တင်းစာ ငွေကျပ်သိန်းပေါင်း ၄၀၄၇ ‘ဒဿမ ၉ သိန်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သြဂုတ်လ ၂၄ ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာ၌ အခမ်းအနားဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါမျိုးစပါးထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဧရာဝတီတိုင်း ဒေသကြီးအတွက် နိုင်ငံတော်က မျိုးစပါးတင်း ရှစ်သောင်းကျော် ထောက်ပံ့ခဲ့သလို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းကလည်း မျိုးစပါး တင်း သုံးသောင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သြဂုတ်လ ၁၉ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့သည်။
ဧရာဝတီတိုင်း ဒေသကြီး၌ မိုးဦးစိုက် လယ်ဧကပေါင်း ၃၅ သိန်း ကျော်ရှိသည့်အနက် လယ်ဧက ၂၇၀၀၀၀ ကျော်မှာ ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၇၉၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တိုင်းဒေသကြီးရှိ လယ်ဧက စုစုပေါင်း၏ ၂ ဒသမ ၂၆ ရာခိုင်နှုန်း ပျက်စီးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် နှစ်စဉ်ပျမ်းမျှ မိုးရွာရက် ၁၂၆ ရက်၌ မိုးရေချိန် ၉၀ ဒသမ ၁၀ လက်မ ရွာသွန်းခဲ့သော်လည်း ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့အတွင်း မိုးရွာရက် ၇၂ ရက်တွင် မိုးရေချိန် ၇၈ ဒသမ ၅၅ လက်မ ရွာသွန်းခဲ့ခြင်း ကြောင့် တိုင်းဒေသကြီး တစ်ခုလုံးတွင် ရေကြီးနစ်မြုပ်မှုများ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က အခမ်းအနားတွင် နိုင်ငံတော်သမ္မတအား တင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က လယ်ယာကဏ္ဍသည် တိုင်းပြည် ၀င်ငွေ၏ ၄၀ ရာခိုင်နှုန်းကို နှစ်စဉ် ရှာဖွေပေးနေသည့် အတွက် အရေးအကြီးဆုံးကဏ္ဍဖြစ်ကြောင်း၊ ယခု နှစ်တွင် ဆန်တန်ချိန် သုံးသန်း တင် ပို့ ရောင်းချရန် မှန်းထားသော်လည်း ယနေ့အထိ တစ်သန်းတောင် ပြည့်မီသည့် အနေအထား မရှိသေးကြောင်း၊ လယ်ယာကဏ္ဍ ထိခိုက်ပျက်စီးဆုံးရှုံး သည်နှင့်အမျှ တိုင်းပြည်၏ ၀င်ငွေသည်လည်း ကျဆင်းသွားမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပျက်စီးသွားသည့် စပါးခင်းများအား အချိန်မီပြန်လည်စိုက် ပျိုးကြရန် လယ်သမားများအား တိုက်တွန်းပြောကြားခဲ့သည်။
“ရေမြုပ်ပျက်စီးတဲ့လယ်တွေ အချိန်အားဖြင့် မီတယ်ဆိုရင် ပြန်ပြီး တော့စိုက်ရမှာပါ။ ပြန်စိုက်ဖို့အတွက် လည်း မြို့နယ်တိုင်းမှာ မျိုးတွေက ရှိပြီးသား ဖြစ်ပါတယ်။ ဆုံးရှုံးသွား တဲ့ တောင်သူလယ်သမားတွေအနေနဲ့ မျိုးဝယ်ဖို့အတွက် ငွေလိုပါတယ်။ ဒီမျိုးဝယ်ဖို့အတွက် တိုင်းဝန်ကြီးချုပ် က ခင်ဗျားတို့ကို အလကားပေးမှာ မဟုတ်ပါဘူး။ တကယ်လိုအပ်နေတာလည်း ဒီမျိုးဝယ်ဖို့အတွက်ပဲဆိုတော့ ကျွန်တော်တို့တွက်ချက်ပြီး တော့ တိုင်းကနေတင်ပြတဲ့ငွေကြေး အပေါ်မှာ နိုင်ငံတော်က တတ်နိုင်တဲ့ အပိုင်းကနေ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရေဘေးဒုက္ခသည် ပြည်သူများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က ပညာရေးနှင့် ကျန်း မာရေးကဏ္ဍတွင် အသုံးပြုရန် ကျပ်သိန်း ၁၀၀ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပေးအပ်ခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template