Headlines News :
Home » » မြန်မာ့လေကြောင်းမှ တာဝန်ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းကို ပထမဆုံး အနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

မြန်မာ့လေကြောင်းမှ တာဝန်ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းကို ပထမဆုံး အနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

Written By လွင့်မောင်မောင် on Sunday, August 26, 2012 | 3:53 PM

7479
မြန်မာ့လေကြောင်းမှ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည်ကို တွေ့ရစဉ် ဓာတ်ပုံ-ရွှန်းလဲ့ဝင်း
မြန်မာ့လေကြောင်းမှ တာဝန် ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းအား ပထမဆုံးအနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းရရှိပါသည်။
ယူအေအီးနိုင်ငံ အခြေစိုက် Dnata  ကုမ္ပဏီသည် နိုင်ငံပေါင်း ကိုးနိုင်ငံရှိ လေဆိပ် ၂၀ ၌ မြေပြင် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု သိရသည်။
“ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက်တဲ့ နိုင်ငံတကာလေကြောင်း လိုင်းတွေရဲ့ လေယာဉ်တွေကို အဆင့်မြင့်မြေပြင်ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို နိုင်ငံတကာ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းမှာနာမည်ရပြီးသား နိုင်ငံတကာ ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ဖြစ်တာပါ”ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၌ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား ၁၄ မျိုးပါဝင်ပြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် လေယာဉ်သန့်ရှင်းရေးမှစ၍ ယာဉ်ယန္တရားများဖြင့် မြေပြင်ဝန်ဆောင် မှုလုပ်ငန်းများ၊ ခရီးသည်၊ ခရီး ဆောင်အိတ်၊ ကုန်စည်တင်၊ ချဝန် ဆောင်မှုများနှင့် လေယာဉ်ပြန်လည် မထွက်ခွာမီ စက်မှုလက်မှုပိုင်းဆိုင်ရာ စစ်ဆေးထိန်းသိမ်းမှုများ ပါဝင်သည်ဟု သိရသည်။
လေကြောင်းလိုင်းများသည် မိမိဆင်းသက်သော အခြားနိုင်ငံရှိ လေယာဉ်ကွင်းများတွင် မြေပြင်ဝန်ဆောင် မှုလုပ်ငန်းများနှင့် ဝေဟင်ဝန်ဆောင် မှုလုပ်ငန်းများကိုဆောင်ရွက်ရသည် ဖြစ်ရာ ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများအား ငှားရမ်းအသုံးပြုလာကြသည်ဟု သိရသည်။
“အခုDnata   ကုမ္ပဏီနဲ့ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်မယ့်နေရာမှာ နိုင်ငံတကာ စံချိန်မီစက်ပစ္စည်းတွေ အပြည့်အစုံ ပါလာမယ်။ ၀န်ထမ်းတွေက လည်း နိုင်ငံတကာစံချိန်မီ ကျွမ်းကျင်လက်မှတ်တွေ ရထားပြီးသား ဆိုတော့ Safety အတွက်လည်း စိတ်ချရတယ်”ဟု မြန်မာ့လေကြောင်း မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီထားသည့် ကာလမှာ ၂၀၁၂ အောက်တိုဘာလ ၁ ရက်မှ ၂၀၁၃ မတ်လ ၃၁ရက်နေ့ အကျုံးဝင်သော  စမ်းသပ်ကာလဖြစ်ပြီး ယင်းကာလပြီးမြောက်ပါက ငါးနှစ်သက်တမ်းရှိ Joint Venture အနေဖြင့် ဆက်လက် လုပ်ကိုင်သွားမည်ဟု သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template