Headlines News :
Home » » ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စက်တင်္ဘာ ၇ ရက်နေ့ ရခိုင်ခရီး စတင်မည်

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စက်တင်္ဘာ ၇ ရက်နေ့ ရခိုင်ခရီး စတင်မည်

Written By လွင့်မောင်မောင် on Monday, September 3, 2012 | 3:53 PM

(နိရဉ္စရာ)
ရခိုင်ပြည်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအား စုံစမ်းစစ်ဆေးရန်  ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ ၀င်များသည် စက်တင်္ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်ကို သွားရောက်ကြမည်ဟု သတင်း ရရှိသည်။
စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များသည် အနည်းဆုံး ရခိုင် မြို့နယ် (၅) မြို့နယ်သို့ ခရီးစဉ် အတွင်း သွားရောက်ကြမည်ဟု ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
“ ဒီလ ၇ ရက်နေ့သွားဖြစ်မှာပါ။ သွားမှာကတော့ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက် ဦး၊ ပေါက်တောမြို့နယ်တွေကို သွားပြီးတော့ အဲဒီမှာ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ တွေ့မှာပါ၊ နောက်ပြီး အဖွဲ့ အစည်းအသီးသီးနဲ့လည်း တွေ့မယ်။ သီးခြားလူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့မယ်။ တခြားခြား လူမှုအဖွဲ့ အစည်း တိုင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ကိုလည်း တွေ့ဆုံပြီး မေးမြန်း စုံစမ်းသွားဖို့ စီစဉ်ထားပါတယ်”  ဟု ဆိုသည်။
ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင်သည် ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော အခြေအနေ အရပ်ရပ်ကို စုံစမ်းလေ့ လာနိုင်ရန်အတွက် ဆပ်ကော်မတီ ၈ ခုကို  ဖွဲ့စည်းထားသည်။
ခရီးစဉ်နှင့် ပတ်သက်ပြီး သွားမည့်နေရာများကို စစ်တွေမြို့သို့ ရောက်မှ အသေးစိတ် စီစဉ်သွားနိုင်မည် ဖြစ်သည်ဟု ဦးအေးသာအောင်က ပြောသည်။
“ စစ်တွေကို ရောက်တဲ့အခါမှ ကော်မရှင်က သွားဖို့နေရာတွေကို ရှင်းပြမှာ ဖြစ်သလို အဲဒီ ပဋ္ဋိပက္ခ တွေ အထဲက ပါဝင်ခဲ့တဲ့ လူတွေ အနေနဲ့လည်း  လာပြီးတော့ သတင်းပို့တာတို့ ရှင်းပြတာတို့ လုပ်မယ့်  နေရာတွေကိုလည်း စစ်တွေရောက်တဲ့ အခါမှဘဲ  စီစဉ်ကြရမှာ ဖြစ်ပါ တယ်”  ဟု ဦးအေးသာအောင်က ပြောသည်။
စုံစမ်းစစ်ဆေးရာတွင် မှန်ကန်တိကျသော အဖြေ ထွက်ပေါ်လာရန် နှစ်ဦး နှစ်ဖက်ကကို စစ်ဆေး မေးမြန်းရန် စီစဉ် ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း  ဦးအေးသာအောင်က သူ့အမြင်ကို နိရဉ္စရာသို့ ပြောသည်။
“ စုံစမ်းစစ်ဆေးရေး လုပ်တဲ့အခါမှာ တကယ့်ကို မှန်မှန်ကန်ကန် ပြောနိုင်ဖို့ ၊ ဆိုနိုင်ဖို့၊ ကိုယ်တို့ဖက်က အထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့အတွက် အဖွဲ့အစည်းအနေနဲ့သော်၎င်း၊ လူ တစ်ဦးချင်း၊ တစ်ယောက်ချင်း အနေနဲ့သော်၎င်း ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။”
၎င်း ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ကို  ဒေါက်တာမျိုးမြင့် (ညွှန်ကြားရေးမှူး (ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန ဥက္ကဌ အဖြစ် တာဝန် ယူသွားမည် ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာ အေးမောင်၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး အဖြစ် ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress) တို့ အပါအ၀င် အစ္စလာမ်၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များနှင့်  နိုင်ငံရေး ပါတီ ခေါင်း ဆောင်များ ပညာရှင်များ စုစုပေါင်း ၂၇ ဦး ပါဝင်သည်။
၎င်းအဖွဲ့ကို သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်း ပေးလိုက်သည်။

မောင်ရမ္မာ  (နိရဉ္စရာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template