Headlines News :
Home » , » ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊ တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်

ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊ တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်

Written By လွင့်မောင်မောင် on Monday, September 3, 2012 | 3:45 PM



ဦးအောင်သိန်းလင်း တင်သွင်းသော အဆိုကို ကန့်ကွက် ဆန္ဒပြုနေသော ဒေါ်အောင်ဆန်းစုကြည်၊ မတ်တပ်ရပ် နေသူများမှာ ထောက်ခံဆန္ဒပြု ကြသူများ ဖြစ်ပါသည်။
 ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ ဦးအောင်သိန်းလင်း၏ အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။

ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပါတီအချို့ နှင့် တပ်မတော်
သား ကိုယ်စားလှယ် များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ် ရောက်သူ ကိုယ်
စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်း
လက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။

" ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်"
ဟု ဥက္ကဌ က ပြောကြားသည်။

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template