Headlines News :
Home » » FEC အားရုပ်သိမ်းမည်ဆိုပါက အများပြည်သူသို့ တရားဝင် အသိပေးသွားမည်ဖြစ်ပြီး လဲလှယ်ရန် အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ကာ သတ်မှတ်ကာလ ကျော်လွန်ပါက ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း သိရ

FEC အားရုပ်သိမ်းမည်ဆိုပါက အများပြည်သူသို့ တရားဝင် အသိပေးသွားမည်ဖြစ်ပြီး လဲလှယ်ရန် အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ကာ သတ်မှတ်ကာလ ကျော်လွန်ပါက ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း သိရ

Written By လွင့်မောင်မောင် on Sunday, September 2, 2012 | 6:24 PM

7487
ကြားခံငွေကြေး FEC(Foreign Exchange Certificate) အားတွေ့ မြင်ရစဉ်
ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့်ကြားခံငွေကြေး FEC (Foreign Exchange Certificate ) အား ရုပ်သိမ်းမည်ဆိုပါက ပြည်သူလူထု သိရှိလဲလှယ်နိုင်ရန် အချိန် ကာလတစ်ခု တရားဝင်ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး သတ်မှတ် ကာလကျော်လွန်သွားပါက FEC အား ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးမောင်မောင်ဝင်းက ပြောကြားသည်။
“ FEC ကို ရုပ်သိမ်းတော့ မယ်ဆိုရင် အများပြည်သူသိအောင် တရားဝင်ထုတ်ပြန်ပေးသွားမှာပါ။ ဘယ်အချိန်ကာလမှာ ရုပ်သိမ်းမ လည်း မေးရင်တော့ အတိအကျ မပြောနိုင်သေးပါဘူး။   ပြည်သူလူ ထုအကြားမှာ လည်ပတ်သုံးစွဲနေမှု မလိုအပ်တော့ဘူးလို့ ယူဆနိုင်တဲ့ အချိန်ကျရင် ဖျက်သိမ်းမှာပါ” ဟု ဦးမောင်မောင် ၀င်းက ပြောကြားသည်။
ကြားခံငွေကြေး FEC အား တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။
FEC အားရုပ်သိမ်းမည်ဆိုပါ က တန်ဖိုးတူညီသည့် အမေရိကန် ဒေါ်လာနှင့် လဲလှယ်ပေးမည်ဖြစ်ပြီး၊ ကျပ်ငွေဖြင့် လဲလှယ်လိုပါက FEC ကိုင်ဆောင်သူလာရောက် လဲလှယ်သည့်နေ့တွင် ဖြစ်ပေါ်နေသည့် အမေရိကန်ဒေါ်လာ ပေါက်ဈေး အတိုင်း လဲလှယ်ပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
လက်ရှိကာလတွင် FEC သုံးစွဲမှုအနေဖြင့် အစိုးရဘီလ်တချို့ ပေးဆောင်ရခြင်းနှင့် MFTB၊   MICB ဘဏ်များတွင် နိုင်ငံခြား အဖွဲ့အစည်းများမှ လွှဲပို့ငွေကို  ပြန်ထုတ်ပေးခြင်းစသည့် နေရာများတွင်သာ အသုံးပြုနေပြီး မကြာ မီပြဋ္ဌာန်းမည့် Foreign  Exchange Management Law ကြောင့် FEC ရုပ်သိမ်းရာတွင် ပြည်တွင်းဈေးကွက် အတွင်း သက်ရောက်မှုနည်းပါးစွာ ရုပ်သိမ်းနိုင်ရန်နှင့် အခက်အခဲမရှိ ရုပ်သိမ်းနိုင် ဖွယ်ရှိကြောင်းလည်း သိရှိရပါသည်။
“FEC ကို လဲလှယ်ဖို့ သတ်မှတ်ပေးထားတဲ့ ကာလအတွင်းမှာပဲ သုံးစွဲခွင့်ပြုသွားမှာပါ။ လဲလှယ်ခွင့် ကာလကျော်သွားရင်တော့ သုံး စွဲခွင့် မပြုတော့ပါဘူး။ သတ်မှတ် ကာလအတွင်း မလဲလှယ်နိုင်လို့ ပြည်သူ့လက်ထဲမှာ FEC ကျန် နေသေးရင် သုံးစွဲခွင်မပြုပေမဲ့ ဆက်လက်လဲလှယ်ခွင့်တော့ ပေးအပ်မှာပါ”ဟု ဦးမောင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template