ရန်ကုန်၊ စက်တင်ဘာ၃
ပြီးခဲ့သောလများ အတွင်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ အရေးပေါ်
အခြေအနေ ထုတ်ပြန် ကြေညာထားသော ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊
မဟာမုနိ ဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ‘ဝ’ အထူးဒေသ ၂ ရှိ
မိုင်းလား ဒေသများသို့ ပြည်ပ ခရီးသွားများ သွားရောက် လည်ပတ်ခွင့်
ပိတ်ပင်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာမှ ထုတ်ပြန်
ကြေညာချက် အရ သိရသည်။
အဆိုပါ ဒေသ ၅ ခုအား သြဂုတ်လ ၃၀ ရက်နေ့မှ
စတင်ကာ ခရီးသွားလာခွင့် ကန့်သတ်ခဲ့ခြင်း ဖြစ်ပြီး သွားရောက် လည်ပတ်ခွင့်
ပြုပါက ထပ်မံ အကြောင်းကြား သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် အရ
သိရသည်။
ရခိုင်ပြည်နယ်သည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ
ပေါကြွယ်ဝသဖြင့်ကမ္ဘာလှည့် ခရီးသွားများ ပုံမှန် သွားရောက် လည်ပတ်လေ့
ရှိပြီး နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာသော ဘင်္ဂါလီများနှင့် ဒေသခံ
ရခိုင်လူမျိုးတို့ကြား ပဋိပက္ခ ဖြစ်ပွားရာမှ ဆူပူ အကြမ်းဖက်မှုများ
ကြီးထွားလာခဲ့ကာ ညမထွက်ရ အမိန့်နှင့် အရေးပေါ် အခြေအနေများ ထုတ်ပြန် ကြေညာ
ထားခဲ့ခြင်း ဖြစ်သည်။မိုင်းလားဒေသမှာ ကမ္ဘာကျော် ရွှေတြိဂံ ဒေသအနီး တည်ရှိ၍
လောင်းကစား၊ မူးယစ်ဆေးဝါး ကိစ္စများကြောင့် နာမည်ဆိုးဖြင့်
ကျော်ကြားလေ့ရှိသည်။မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း
ကမ္ဘာလှည့် ခရီးသွား လေးသိန်းခန့် ၀င်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ခရီးသွား
ဦးရေ ၆သိန်း အထိ ဝင်ရောက်မည်ဟု ခန့်မှန်း ထားသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုသည် ၂၀၁၀ -၂၀၁၁ ခုနှစ်
၇၉၂၇၃၈ ဦး ၂၀၁၁ -၂၀၁၂ တွင် ၈၆၆၉၈၉ ဝင်ရောက်ခဲ့ပြီး လာမည့်နှစ်တွင် ၁ -၁၅
သန်း လာရောက်မည်ဟု ခန့်မှန်းထားသည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
9 years ago

