Headlines News :
Home » , » ငါးထောင်တန်ငွေတု ကော့သောင်းမှာ မိပြန်ပြီ

ငါးထောင်တန်ငွေတု ကော့သောင်းမှာ မိပြန်ပြီ

Written By လွင့်မောင်မောင် on Monday, September 3, 2012 | 9:55 PM

 
 မြန်မာငွေ ကျပ်ငါး ထောင်တန် အတု သိန်း လေးဆယ်ကျော်ကို မြန်မာနိုင်ငံ တောင်ဘက် အစွန် ကော့သောင်းမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရ မိကြောင်း ကော့သောင်း ရဲတပ်ဖွဲ့  အသိုင်း အဝိုင်းက ပြောသည်။

ကော့သောင်းမြို့ အဏ္ဏဝါ ရပ်ကွက်ရှိ ရွှေဆိုင် တဆိုင်တွင် ရွှေဝယ်စဉ် အသက် ၂၅ နှစ်ခန့်ရှိ အေးရိပ်ငြိမ် ရပ်ကွက်နေ မဝေယံဖြိုး ကို ငါးထောင်တန် အတုများဖြင့် နယ်ထိန်းရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ရွှေဆိုင်မှာ ပထမ ရွှေ လေးကျပ်သား ဝယ်တယ်။ ဒုတိယ မြန်မာငွေနဲ့ ထိုင်းငွေ လဲတဲ့နေရာမှာ သွားလဲတယ်။ အဲဒီငွေလဲတဲ့ နေရာက မသင်္ကာလို့ လဲမပေးဘူး။ ရွှေဆိုင်မှာ ရွှေထပ်ဝယ်တယ်။ အဲဒီမှာ အဖမ်းခံရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ငါးထောင်တန် ငွေစက္ကူအတုများကို လက်ဝယ်ကိုင်ဆောင်မှုဖြင့် မဝေယံဖြိုးကို ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း
ကော့သောင်း မြို့မရဲစခန်း က ပြောသည်။ သို့သော်လည်း  အသေးစိတ်ကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။

“စနေနေ့မှာ ကျနော်တို့ ဖမ်းတယ်။ ဒီနေ့မှ စ စစ်တယ်။ အသေးစိတ် မသိသေးဘူး” ဟု ဖမ်းဆီးရာတွင် ပါဝင်သူတဦး
ဖြစ်သည့် အဏ္ဏဝါရပ်ကွက်မှ နယ်ထိန်းရဲ တဦးက ပြောသည်။

ရဲစခန်းနှင့် နီးစပ်သူ၏ အဆိုအရ ငွေတု ကိုင်ဆောင်မှုတွင် မဝေယံဖြိုးနှင့်အတူ အခြားအမျိုးသမီးတဦး ပါဝင်ပြီး ထိုအမျိုးသမီးမှာ တိမ်းရှောင် လွတ်မြောက်နေဆဲ ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့မှာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထုတ်ပေးသည့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားပြီး ထိုင်းနှင့် မြန်မာသို့ ကူးသန်းသွားလာနေသူများ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင်လည်း ငါးထောင်တန် ငွေစက္ကူ အတု သိန်း တရာကျော်ကို ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲတွင် ဌာနေပြည်သူ့စစ်များက ဖမ်းဆီးရမိခဲ့သည်။

၁၉၉၆ ခုနှစ်က ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံသား နှစ်ဦးကို ထိုင်းဘတ်ငွေ သိန်း ၂ဝ ခန့်နှင့်အတူ မြန်မာရဲများက ဖမ်းဆီးရမိခဲ့သည်။

မဝေယံဖြိုးအား ကော့သောင်း မြို့မရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုများ ဖမ်းဆီးရမိလေ့ရှိသော်လည်း အစိုးရက လူထုအကြား အထိတ်တလန့်ဖြစ်မှာစိုးရိမ်၍ သိုသိုသိပ်သိပ် လုပ်ဖုံးဖိထားလေ့ရှိသည်။

ကွန်းချမ်း | ရန်ကုန် (မဇ္ဈိမ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template